နာကျင်နေပေမယ့် ကို မငြီးတွားချင်ဘူး
လူကြားကောင်းအောင် အော်ဟစ်ငြီးတွားနေမယ့်အစား
ငြိမ်ငြိမ်လေးနဲ့ ကြိတ်မှိတ်နာကျင်နေရတာကို
ပိုခုံမင်တယ် ...
ယောင်တောင်ပေါင်တောင်နဲ့
အချစ်နယ်ပယ် တစ်စွန်းတစ်စကို
စပြီးခြေလှမ်းလိုက်တာနဲ့တောင်
ဒီလောက်အထိ မွန်းကြပ်မှုတွေနဲ့
ပြွတ်သိပ်နေရင်
ကြာလာရင် လမ်းပျောက်မှုတွေနဲ့ ကို လမ်းမှောက်တော့မယ် ထင်တယ် ....ကလေးရယ်..
Monday, September 6, 2010
ဒဏ်ရာ
ဒဏ်ရာတွေ ဗလပွနဲ့ မချိမဆန့်
နာကျင်ငြီးတွားနေရပေမယ့်
အားရှိသလောက်လေး
မင်းအတွက် ကို ပြုံးကြည့်ချင်သေးတယ်…..
ချစ်တယ်ဆိုတာ တစ်ကယ်တော့ အပြောလွယ်သလောက်
ခံစားရတာက မချိမဆန့်ရယ်ပါ
သောကတွေအပေါ်က အပြုံးတုတွေနဲ့ပဲ
အခါတလဲလဲ မလုံ့တလုံဖုံးဖိနေရတာ
ကြာလာတော့ အချစ်ဆိုတာကို စိတ်ကုန်လာတယ်
ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်ခုလုံးကို
သွန်လိုသွန်မှောက်လိုမှောက်လို့
ကလေး လက်ထဲ အပြီးအပ်လိုက်ခါမှ
ကလေး က လူသတ်သမားအပြုံးမျိုးနဲ့
ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်တာကို
မြင်လိုက်တဲ့ တစ်ခဏလေးမှာ
ကို ဟာ မှင်တက်မိသွားတဲ့ ယုန်တစ်ကောင်လို
ယောင်လည်လည်နဲ့ အတိတ်မေ့ချင်သွားတယ် .. ကလေး…လေး.ရယ်..
နာကျင်ငြီးတွားနေရပေမယ့်
အားရှိသလောက်လေး
မင်းအတွက် ကို ပြုံးကြည့်ချင်သေးတယ်…..
ချစ်တယ်ဆိုတာ တစ်ကယ်တော့ အပြောလွယ်သလောက်
ခံစားရတာက မချိမဆန့်ရယ်ပါ
သောကတွေအပေါ်က အပြုံးတုတွေနဲ့ပဲ
အခါတလဲလဲ မလုံ့တလုံဖုံးဖိနေရတာ
ကြာလာတော့ အချစ်ဆိုတာကို စိတ်ကုန်လာတယ်
ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်ခုလုံးကို
သွန်လိုသွန်မှောက်လိုမှောက်လို့
ကလေး လက်ထဲ အပြီးအပ်လိုက်ခါမှ
ကလေး က လူသတ်သမားအပြုံးမျိုးနဲ့
ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်တာကို
မြင်လိုက်တဲ့ တစ်ခဏလေးမှာ
ကို ဟာ မှင်တက်မိသွားတဲ့ ယုန်တစ်ကောင်လို
ယောင်လည်လည်နဲ့ အတိတ်မေ့ချင်သွားတယ် .. ကလေး…လေး.ရယ်..
လှည့်စားမိုး
ရင်ခွင်ထဲမိုး
ထစ်ချုန်းလို့လား
အငြိုးနဲ့ရွာတာမဟုတ်ပါ
သောကမုန်တိုင်း
ရင်လှိုင်းခတ်ပြင်း
စိတ်လိုက်မာန်တင်းလို့
နာကျဉ်းခြင်းလဲ မဟုတ်ပါ ...
ဟန်ဆောင်အပြုံးတစ်ပွင့်
အဖုံးဖွင့်မျက်နှာ
ရင်မှာနာကျဉ်းလို့
အုံပုံးညဉ်းတွား
အမုန်းများလည်း မရှိပါ.
ထစ်ချုန်းလို့လား
အငြိုးနဲ့ရွာတာမဟုတ်ပါ
သောကမုန်တိုင်း
ရင်လှိုင်းခတ်ပြင်း
စိတ်လိုက်မာန်တင်းလို့
နာကျဉ်းခြင်းလဲ မဟုတ်ပါ ...
ဟန်ဆောင်အပြုံးတစ်ပွင့်
အဖုံးဖွင့်မျက်နှာ
ရင်မှာနာကျဉ်းလို့
အုံပုံးညဉ်းတွား
အမုန်းများလည်း မရှိပါ.
Friday, July 9, 2010
အသဲကွဲည
သန်းခေါင်ကျော်တိုင်
မတော်မသတ်တဲ့ မင်းအကြောင်းအိမ်မက်တွေ
ဆုးံဆည်းခဲ့.................
ပျော်မြူးခဲ့...................
ကြည်းနူးခဲ့..................
ကြေကွဲခဲ့....................
နောက်ဆုးံတော့
မျက်ရည်စက်လက်နဲ့ အဆုးံသတ်
ရက်ရက်စက်စက်နဲ့ခွဲသွားရက်တယ် ချစ်သူရယ်..................။
Friday, July 2, 2010
ဟန်ဆောင်ခြင်း
အချစ်တွေပျက်သုဉ်း
အနမ်းတွေပျောက်ဆုးံ
အမုန်းတွေကိုမျက်နှာမှာတပ်ဆင်
ကလေးနဲ့ ကို့.. အကြားအပြုးံတွေက
အတုတွေလား..
အရှုးံတွေနဲ့အသက်ဆက်ခဲ့တဲ့ ကို့ဘ၀မှာ
အလွမ်းတွေနဲ့သာရပ်တန့်ခဲ့ရ...။
ကလေးရေ.....
မင်းမရှိတော့နောက်
မင်းဓာတ်ပုံကိုအဖော်လုပ်
ဖြေသိမ့်ကြည့်ခဲ့ပါတယ်
ဒါပေမဲ့....
ကို..ခိုးမနမ်းတော့ဘူး..။
တမ်းတနေသူ
ဝေးကြဖို့အထိတွေးကြည့်ခဲ့ရင်
ကလေးကို မချစ်ခဲ့ပါဘူး
တွယ်တာမှုသံယောဇဉ်တွေ
အထပ်ထပ်ရစ်နှောင်မိတဲ့
နှလုးံသားကိုဒဏ်ခတ်လိုက်တာလား
ဒါမှမဟုတ်
ချစ်မိတာခွဲရဖို့အတွက်လား
ကလေးရယ်.............။
အခုတော့လည်း လွမ်းနေရပါပြီ
မျှော်လင့်ချက်တွေနဲ့ ကို စောင့်နေခဲ့
ကလေးပြန်လာမဲ့ တစ်နေ့ကိုပေါ့
ကလေးရယ်..............။
Wednesday, June 30, 2010
Sunday, June 27, 2010
လွမ်းချင်းဖွဲ့ ဝေဒနာ
ချိုစိမ့် သောက်ပေမဲ့ ....
ချိုမြမသွားပါလားကွယ်
အလွမ်းကဖီးရဲ့ ထောင့်
စိုးနှောင်ဗျာပူ L. ဆိုင်းဇီရဲ့ အလွမ်းသီချင်း
ရင်ထဲမှာတော့ ပူလောင်လှချည်ရဲ့
ပိုင်ဆိုင်ခြင်းမရှိတော့ တဲ့ နေ့ ရက်များ
တစ်ပါးသူရင်ခွင်တွင်းမှ
လွမ်းရင်းချစ်ရတဲ့ ချစ်သူ
ခုတော့.......
အပြီးသတ်ဝေးခဲ့ ကြရပြီ......
မပိုင်ဆိုင်ရမှန်းသိပေမဲ့
သိလျက်မိုက်မဲချင်မှုတစ်ခုအတွက်
လျစ်လျူအပြစ်မဆိုရဲ
အချစ်ဆိုတဲ့ စစ်ပွဲမှာတော့
ဒီအကောင်........
အသည်းတွေကြေကွဲခဲ့ ရပါပြီ ချစ်သူရယ်......။
ရှုးံနိမ့် ခြင်းကျိန်စာခတ်
လွမ်းတတ်သူကို အပြစ်ပေးပါချစ်သူရယ်
အဝေးကလွမ်းဖို့ ပဲဖြစ်ဖြစ်
အဆွေးနဲ့ ကျွမ်းဖို့ ပဲဖြစ်ဖြစ်
ချစ်နေချင်မှုတစ်ခုတည်းကိုပဲ
အသည်းကွဲအောင်ခံစား
နောက်ကျခြင်းဆိုတဲ့ စည်းတွေကြားမှာ
စစ်သားတစ်ယောက်ရဲ့ ဘဝ
နောင်တလည်းမရနိုင်ခဲ့
သောကများစွာနဲ့ အကောင်
ခုတော့ လေ....
ဟန်ဆောင်မျိုသိပ်ရင်း
(ရင်တွင်းမှာတော့ ချစ်သူရယ်)
ပူလောင်ကြေကွဲခဲ့ ရပါပြီကွယ်....
အလွမ်း
ပန်းအရိပ်မှာ
လွမ်းလိပ်ပြာဝဲ
အနုသယလမ်းမှာ
သမုဒယပန်းမချွေသာတော့
ဝေဒနာဝတ်ရည်ဖြစ်ပါလို့................
ရစ်မူးတွယ်တာနမ်းရှိုက်နေဆဲမှာဘဲ
အချစ်ရယ်........
ရင်ထဲမှာတော့ ကျွမ်းမြိုက်ကြွေကွဲ...........
Saturday, June 19, 2010
အိပ်မက်ဝေးဝေး
မောလွန်းနေပြီချစ်သူ
အပိုင်းအစတွေတစ်ခုမှမကျန်အောင်
ထွက်ပြေးပျောက်ကွယ်သွားပြီ....။
ပျက်သုန်းသွားတဲ့ အချစ်တွေ
အိမ်ပြန်ချိန်ရောက်တော့ မယ်...
အဆုးံသတ်မလှတဲ့ ဇာတ်ညွှန်းတစ်ပုဒ်
ငိုကြွေးဖို့အတွက်အဆင်သင့် ဖြစ်ခဲ့ ရပြီ....။
ချစ်သူရေ
မိုးကုတ်စက်ဝိုင်းရဲ့ အနားသတ်မျဉ်းပေါ်မှာ
နီးစက်ခြင်းနဲ့ ဝေးကွာခြင်းတို့ စစ်ဖြစ်နေကြတုန်းဘဲ
(တကယ်လို့ သာ)
ချစ်သူတွေရဲ့ အိပ်မက်တိုင်းကိုပိုင်ဆိုင်ခွင့် ရခဲ့ရင်
အဲဒီဝေးကွာခြင်းတွေကို
စည်းခြားထားခဲ့ ချင်တယ် ချစ်သူ.....
ဒါပေမဲ့ ချစ်သူရယ်
အဲဒီဝေးကွာခြင်းက
ချစ်သူတွေရဲ့ အိပ်မက်တိုင်းကို စည်းခြားပစ်ခဲ့ တယ်....။
ခုချိန်မှာတော့
ဝေးကွာခြင်းတို့ ခြားထားတဲ့
စည်းရဲ့ အပြင်ဖက်မှာ
ကို.တစ်ယောက်တည်း
ငိုကြွေးပူဆွေးလွမ်းနေရပေါ့...
Friday, June 11, 2010
အသဲမခွဲပါနဲ့
မီး... မီး....
သမုဒယမီးတွေနဲ့
ငါ့ ရင်ကိုအပိုင်စီးခဲ့ပြီးမှ
သောကကိုမီးတင်ရှို့
နှလုးံသားမြို့ကို
ဖျက်ဆီးသွားရက်တယ်.....
Subscribe to:
Posts (Atom)


