Saturday, June 19, 2010

အိပ်မက်ဝေးဝေး

မောလွန်းနေပြီချစ်သူ
အပိုင်းအစတွေတစ်ခုမှမကျန်အောင်
ထွက်ပြေးပျောက်ကွယ်သွားပြီ....။
ပျက်သုန်းသွားတဲ့ အချစ်တွေ
အိမ်ပြန်ချိန်ရောက်တော့ မယ်...
အဆုးံသတ်မလှတဲ့  ဇာတ်ညွှန်းတစ်ပုဒ်
ငိုကြွေးဖို့အတွက်အဆင်သင့်  ဖြစ်ခဲ့  ရပြီ....။
ချစ်သူရေ
မိုးကုတ်စက်ဝိုင်းရဲ့  အနားသတ်မျဉ်းပေါ်မှာ
နီးစက်ခြင်းနဲ့  ဝေးကွာခြင်းတို့  စစ်ဖြစ်နေကြတုန်းဘဲ
(တကယ်လို့  သာ)
ချစ်သူတွေရဲ့  အိပ်မက်တိုင်းကိုပိုင်ဆိုင်ခွင့် ရခဲ့ရင်
အဲဒီဝေးကွာခြင်းတွေကို
စည်းခြားထားခဲ့   ချင်တယ် ချစ်သူ.....
ဒါပေမဲ့  ချစ်သူရယ်
အဲဒီဝေးကွာခြင်းက
ချစ်သူတွေရဲ့  အိပ်မက်တိုင်းကို စည်းခြားပစ်ခဲ့  တယ်....။
ခုချိန်မှာတော့
ဝေးကွာခြင်းတို့   ခြားထားတဲ့  
စည်းရဲ့  အပြင်ဖက်မှာ
ကို.တစ်ယောက်တည်း
ငိုကြွေးပူဆွေးလွမ်းနေရပေါ့...