Sunday, June 27, 2010

လွမ်းချင်းဖွဲ့ ဝေဒနာ

ချိုစိမ့်  သောက်ပေမဲ့  ....
ချိုမြမသွားပါလားကွယ်
အလွမ်းကဖီးရဲ့  ထောင့်
စိုးနှောင်ဗျာပူ  L. ဆိုင်းဇီရဲ့ အလွမ်းသီချင်း
ရင်ထဲမှာတော့   ပူလောင်လှချည်ရဲ့
ပိုင်ဆိုင်ခြင်းမရှိတော့  တဲ့  နေ့  ရက်များ
တစ်ပါးသူရင်ခွင်တွင်းမှ
လွမ်းရင်းချစ်ရတဲ့   ချစ်သူ
ခုတော့.......
အပြီးသတ်ဝေးခဲ့  ကြရပြီ......
မပိုင်ဆိုင်ရမှန်းသိပေမဲ့
သိလျက်မိုက်မဲချင်မှုတစ်ခုအတွက်
လျစ်လျူအပြစ်မဆိုရဲ
အချစ်ဆိုတဲ့  စစ်ပွဲမှာတော့
ဒီအကောင်........
အသည်းတွေကြေကွဲခဲ့  ရပါပြီ  ချစ်သူရယ်......။
ရှုးံနိမ့်  ခြင်းကျိန်စာခတ်
လွမ်းတတ်သူကို အပြစ်ပေးပါချစ်သူရယ်
အဝေးကလွမ်းဖို့  ပဲဖြစ်ဖြစ်
အဆွေးနဲ့  ကျွမ်းဖို့  ပဲဖြစ်ဖြစ်
ချစ်နေချင်မှုတစ်ခုတည်းကိုပဲ
အသည်းကွဲအောင်ခံစား
နောက်ကျခြင်းဆိုတဲ့  စည်းတွေကြားမှာ
စစ်သားတစ်ယောက်ရဲ့  ဘဝ
နောင်တလည်းမရနိုင်ခဲ့
သောကများစွာနဲ့  အကောင်
ခုတော့  လေ....
ဟန်ဆောင်မျိုသိပ်ရင်း
(ရင်တွင်းမှာတော့   ချစ်သူရယ်)
ပူလောင်ကြေကွဲခဲ့  ရပါပြီကွယ်....

No comments:

Post a Comment

I love u.